Wednesday, September 1, 2010

မိုးညနေ


ချစ်သူ...
နင်နဲ့ငါဆုံခဲ့တဲ့
ညနေခင်းကိုမှတ်မိလား...
မိုးတွေရွာနေခဲ့တယ်လေ
နင်ငါ့ကို ကြည့်တဲ့မျက်ဝန်းတွေထဲမှာ...
ဘာတွေပါနေခဲ့မှာလဲ..
တိုက်ဆိုင်မှုလို့ပြော၇မှာပေါ့..
တစ်ခုသေချာတာက ငါနင့်ကို တွေ့ချင်နေခဲ့မိတာပဲ


နင် အဲဒီလမ်းကို သိလား
ငါညတိုင်း နင့်ဆီက ပြန်ရင်
ဒီလမ်းလေးက ပြန်တယ်
အဲဒီမှာ သရဲခြောက်တယ်တဲ့
ငါတောင်တွေ့ခဲ့သေးတယ်
ဒါပေမဲ့ သူငါ့ကို ဘာမှမလုပ်ခဲ့ဘူး
တိုးတိုးလေးတော့ပြောသွားတယ်..
"............................................." တဲ့


ကဗျာလေးနှစ်ပုဒ်နော်..
ငါနင့်ကို ပေးခဲ့ဖူးတယ်..
နင်သိမ်းထားလား..
နေ့တိုင်းပေးချင်ပေမဲ့
ငါ့မှာ ပေးခွင့်မရှိဘူး..
နင်နားလည်ပေးနော်..
ငါ နင့်ကို ချစ်တယ်..

No comments:

Post a Comment