Wednesday, September 1, 2010

မညာပါနဲ့


နင်နဲ့ငါ့ကြားမှာ..
တစ်စုံတစ်ခု ဖြစ်တည်ခဲ့ဖူးတယ်..
နင် မငြင်းပါနဲ့
နင်နဲ့ငါ မျက်ဝန်းတွေဆုံခဲ့ကြဖူးတယ်
တိုက်ဆိုင်ကြတာလား
နင်နဲ့ငါ နားလည်ခဲ့ကြတယ်
အဲဒါ ဘာလဲဆိုတာ ..
နင်လည်းသိတယ်..ငါလည်းသိတယ်
နင်နဲ့ငါနှစ်ယောက်တည်းသိတယ်...
နောက်ပြီး ဘုရားလည်းသိတယ်..
နင် မညာပါနဲ့...

No comments:

Post a Comment