Friday, August 13, 2010

လင်းရောင်ခြည်


မနက်ခင်းရဲ့ ရောင်ခြည်မှာ
မျှော်ငေးနေမိတာ
သူလာမဲ့လမ်းဘက်ကို
ဒါပေမဲ့ဗျာ...
နေခြည်တွေဖြာကျနေတဲ့
လမ်းလေးထက်ကို သူမလာခဲ့ပါဘူး
ကမ်းလင့်မဲ့ ပန်းတစ်ပွင့်
လူမသိသူမသိ ကြွေလွင့်ခဲ့ရတာပေါ့။ ။

အလွမ်း


တစ်ယောက်ကိုတမ်းတနေမိတာ..
သူသိမှာလား..
အော်ခေါ်နေမိတာ
ူသူကြားမှာလား..
သိပ်လွမ်းနေမိတာ
သူဘာလုပ်နေမလဲ..
သေချာတာကတော့
သူ ကျွန်တော့်ကို မချစ်တာပါဘဲ

ပြသနာ


အချစ်ကိုဖန်ဆင်းခဲ့တဲ့
ဘုရားသခင်ကို မေးခွန်းထုတ်ချင်ပါတယ်
ဘာလို့များ သံယောဇဉ်ဖြတ်ဓားတစ်ချောင်း
မဖန်ဆင်းခဲ့ရတာပါလဲ လို့...
အခုတော့...

လမ်း


ဒီလမ်းလေး
နင်နဲ့ငါ နှစ်ယောက်အတူ
လျှောက်ကြရဦးမယ့်နေ့ကို
မျှော်နေမိတယ်
ထိုင်နေကြ အုတ်ခုံလေးမှာ..
ငါစောင့်နေမယ်
နင်လာခဲ့ပါ

မီးခိုး.


စီးကရက်တစ်လိပ်မီးညှိရင်..
ငါ့ဘ၀ကို လောင်မြိုက်စေတဲ့ဟာပါလားလို့
သိခဲ့ပေမယ့် ငါရပ်တန့်မရခဲ့ဘူး
နင်ငါ့ကို နာကျင်စေပေမဲ့
ငါနင့်ကို မေ့မရခဲ့တာ...
နင်သိမှာလား.........

မိုးစက်မိုးပေါက်
တဖြောက်ဖြောက်နဲ့
ငါ့ရဲ့ရင်ထဲ လွမ်းစိတ်ဝင်တယ်
မင်းဘယ်မှာလဲ..ချစ်သူရယ်...

အရှုံး


နင့်ကိုမေ့ဖို့ဆိုပြီး
alcohol တွေငါ့ကိုယ်ထဲ စီးမျောစေခဲ့တာ..
အိပ်မက်ထဲမှာတောင်
နင်ရောက်နေဆဲ ချစ်သူ

ကောင်မလေး


ချစ်စရာကောင်းတဲ့ ပူးလေးရေ...
ငါဟာ နင့်အနားကို မလာနိုင်တော့ဘူး
နင်နဲ့ငါ တစ်စုံတစ်ခုကို နားလည်ခဲ့ကြတာ...
အဲဒါဘာဖြစ်နိုင်မလဲ...

ပန်းချစ်သူသို့....


ကောင်မလေးရယ်
နင့်အတွက် ကဗျာတွေကို ဖန်ဆင်း
နှင်းဆီခင်းက ပန်းတွေ..
နေ့စဉ်ဆက်သလို့
ပန်းကြိုက်တဲ့ မင်းလေး...ပျော်ရွှင်ဖို့လေ
နင့်အတွက်နဲ့ ပွင့်နေတဲ့ ငါ့ရင်ဘတ်ထဲက
နှင်းဆီတွေ...
မရေတွက်နိုင်တော့ဘူး...
နင် တစ်ခါလောက်ရှိုက်နမ်းလိုက်ပါ..
ငါ့ကိုယ်စား သူတို့ပြောပြလိမ့်မယ်...
ငါနင့်ကို ဘယ်လောက်ချစ်ကြောင်းလေ..။ ။

နင့်အတွက်...


ကောင်းကင်က ကြယ်တွေကြွေတာ...
ငါ့လက်ချက်ပေါ့..
နင်နဲ့နီးဖို့အရေး
သူတို့လည်းဆုတောင်းပေးရင်း..
မြေပြင်ပေါ်ကြွေကျပေးခဲ့ကြတာ
အကြိမ်တစ်ရာမကတော့ဘူး..ချစ်သူ...။ ။

ချစ်သူအတွက်

ချစ်သူရယ်...
နင်နဲ့ငါ
ဘာအတွက်နဲ့
ဘာလို့များ ဝေးသထက်ဝေးပြီး
ဆွေးသထက်ဆွေးနေရတာလဲ...
သိခွင့်ရရင် သိချင်ပါရဲ့..။ ။