ကောင်မလေးရယ်
နင့်အတွက် ကဗျာတွေကို ဖန်ဆင်း
နှင်းဆီခင်းက ပန်းတွေ..
နေ့စဉ်ဆက်သလို့
ပန်းကြိုက်တဲ့ မင်းလေး...ပျော်ရွှင်ဖို့လေ
နင့်အတွက်နဲ့ ပွင့်နေတဲ့ ငါ့ရင်ဘတ်ထဲက
နှင်းဆီတွေ...
မရေတွက်နိုင်တော့ဘူး...
နင် တစ်ခါလောက်ရှိုက်နမ်းလိုက်ပါ..
ငါ့ကိုယ်စား သူတို့ပြောပြလိမ့်မယ်...
ငါနင့်ကို ဘယ်လောက်ချစ်ကြောင်းလေ..။ ။
No comments:
Post a Comment