
နင် zoo practical ဖြေတဲ့နေ့ကိုမှတ်မိလား
နင် ငါ့ဘေးနားမှာ လာရပ်ခဲ့တာလေ.. ငါ ရင်တွေခုန်သွားတာပဲ...အဲဒီနေ့က နင် ပန်းရောင်လေး ၀တ်ထားတယ်
နင်နဲ့အလိုက်ဖက်ဆုံး အရောင်လေးလေ
ငါနင့်ကို ပြောခဲ့ဖူးပါတယ်...
ငါ့ချစ်သူက အိုပန်းနု ဆိုတဲ့ကောင်မလေးဆိုတာလေ... အဲဒီတုန်းက နင်ငါ့ကို လှည့်ကြည့်ခဲ့သေးတယ်လေမှတ်ရောမှတ်မိရဲ့လား

နင့်သတိထားမိလား
နင့်ဆီမှာ ငါပေးခဲ့တဲ့အရာနှစ်ခုရှိနေပြီဆိုတာ
ကြွက်စုတ်ပုံလေးရယ်ကြွက်စုတ်ဆိုတဲ့ နာမည်ရယ်နောက်တစ်ခါကျရင်
ငါနင့်ကို ငါ့အချစ်တွေပေးတော့မယ်
အဲဒီအခါ...နင်ငြင်းမှာလား
စိုးထိတ်စွာနဲ့ သိချင်မိပါရဲ့...

နင်နဲ့ငါမဆိုင်ပေမဲ့
တစ်ခုတော့ တားချင်မိတယ်...
ကျားတွေကို မကစားပါနဲ့..စေတနာအရင်းခံနဲ့ပါ..
နင် နားလည်မယ်လို့ မျှော်လင့်တယ်...

ကောင်မလေးရေ..
နင်မပေးဘဲနဲ့ ဝေဒနာတွေ
ငါရနေခဲ့ပြီ...
ဝမ်းနည်းစွာနဲ့နှုတ်ဆက်ပါတယ်...
ရေစက်မကုန်ရင် တို့ပြန်ဆုံမှာပါ..ဖူးစာမှန်ခဲ့ရင်တော့ နင်နဲ့ငါညားမှာပေါ့လောလောဆယ်တော့နင့်ကို မေ့ထားပါရစေနေရစ်တော့ ချစ်သူ...
ပျော်ရွှင်ပါစေ ကလေး၇ယ်...